လူကိ
မိန်းမ

ကိုယ်တို့အကြောင်း

စီမံခန့်ခွဲမှုဘုတ်အဖွဲ့၏ဥက္ကဋ္ဌ: Mr. Hoang Van Binh

Tan Phu ခရိုင်တွင် (Tan Binh မတိုင်မီ) Nghiep Phat ကုန်အမှတ်တံဆိပ်ဖြင့် မိသားစုများသည် ယခင်က ရာဘာနှင့် ပလတ်စတစ်ထုတ်ကုန်များကို ၁၉၇၆ ခုနှစ်မှစ၍ထုတ်လုပ်ခဲ့ကြသည်။ Nghiep Phat ကုမ္ပဏီကို ၁၉၉၇ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ စပိန်နိုင်ငံ အစရှိသော ဥရောပနိုင်ငံများသို့တင်ပို့သောဖိနပ်များကို အထူးထုတ်လုပ်ခဲ့သည်။ အထူးသဖြင့် အမေရိကန်ဈေးကွက် (ရေကူးကန်များ၊ ရေကစားဥယျာဉ်များ၊ အိမ်များ၊ ရေချိုးကန်များ၊ အစရှိသဖြင့်)သို့ ၎င်းတို့၏ EVA ကော်ဇောများကို တင်ပို့ခဲ့ပြီး ဤဈေးကွက်များတွင် နံပါတ် ၁နေရာဖြင့် ရပ်တည်ခဲ့သည်။

ပလတ်စတစ်ထုတ်ကုန်များကိုအထူးထုတ်လုပ်သော မျိုးဆက်သုံးဆက်၏အတွေ့အကြုံများဖြင့် Mr.Binh နှင့် သူ၏မိသားစုသည် ဗီယက်နမ်နိုင်ငံ နှင့် တစ်ကမ္ဘာလုံးရှိအခြားသောဈေးကွက်များရှိ ဝယ်လိုအား/လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် ထုတ်ကုန်များနှင့် ပုံစံငယ်များကို မကြာခဏ ဖန်တီးပြုလုပ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် Mr.Binh သည် EVA ကော်ဇောနှင့်စပ်လျဉ်းပြီး မူပိုင်ခွင့်ကို ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

တစ်ခုလုံးခြုံငုံသောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆုံးဖြတ်ချက်နှင့်အတူ ၂၀၁၇ ခုနှစ်အစပိုင်းတွင် Mr.Binh နှင့်မစ္စ Phuongမို့တွင် BP OSAKA ပူးတွဲရှယ်ယာဖြင့်တည်ထောင်ထားသည့်ကုမ္ပဏီကို တည်ထောင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ကုမ္ပဏီ၏ရည်ရွယ်ချက်မှာ အထူးသဖြင့်ဂျပန်နည်းပညာဖြင့် ကြိုးသိုင်းဖိနပ်များ၊ ပလတ်စတစ်ထုတ်ကုန်များကိုထုတ်လုပ်ရန်အတွက် ခေတ်မီစက်ရုံများတည်ထောင်ရန်၊ အလယ်ပိုင်း ဒေသများရှိပြည်သူများအားအလုပ်အကိုင်များပေးရန် နှင့် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများရှိ ဈေးကွက် များသို့ချဉ်းကပ်နိုင်ရန်ဖြစ်သည်။ ပြည်တွင်း နှင့် ပြည်ပဈေးကွက်များအတွက် အရည်အသွေး အကောင်းဆုံးထုတ်ကုန်များအား အသင့်တင့်ဆုံးဈေးနှုန်းများဖြင့်ရရှိရန်ဟူသော မဆုတ်မနစ်သော တီထွင်ဆန်းသစ်မှု၏လမ်းညွှန်ချက်နှင့်အတူ နိုင်ငံတကာမှ ဗီယက်နမ်နိုင်ငံထုတ်ကုန်တံဆိပ်အမည် အဖြစ်အတည်ပြုရန်၊ အရှေ့တောင်အာရှနိုင်ငံနှင့်  တစ်ကမ္ဘာလုံးသို့  ရောက်ရှိနိုင်ရန်အလို့ဌာ BPOSAKA စက်ရုံသည် စက်ယန္တရားနှင့် နည်းပညာပိုင်းတွင် ခေတ်နှင့်အညီဆုံး ရင်းနှီးမြှပ်နှံမည်ဖြစ်သည်။


Mrs Tran Thi Nhut Phuong – စီမံခန့်ခွဲရေးအကြီးအကဲ– CEO


Mrs. Tran Thi Nhut Phuong သည် ပလတ်စတစ်ထုတ်ကုန်များထုတ်လုပ်ခြင်းလုပ်ငန်းတွင်  အတွေ့အကြုံများသော/လုပ်သက်ရင့်သော အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။  ယခုအချိန်တွင် သူမသည် အထူးသဖြင့် ဂျပန်နိုင်ငံမှအဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသော ကြိုးသိုင်းဖိနပ်များ၊ ပလတ်စတစ်ထုတ်ကုန်များကို အောင်မြင်စွာလည်ပတ်နိုင်ရန် ကုမ္ပဏီကို စီမံခန့်ခွဲနေပါသည်။



 

BP OSAKA ကုမ္ပဏီလီမိတက်ကန့်သတ်တာဝန်ယူမှုကုမ္ပဏီ
    907/7 Huong Lo 2, Binh Tri Dong A အခန်း, Binh Tan နယ်, Ho Chi Minh မြို့
   091 118 98 08 (Mr Binh)
  kinhdoanh@bposaka.com
   www.bposaka.com